The Tools That I Used Most in 2023

30 Dec 2023 / 2 min read

1. Notion

ပထမ အသုံးများဆုံးဖြစ်ခဲ့တာကတော့ Notion ပါပဲ။ မှတ်စုတိုက စပြီး budget စာရင်းတွက်တာ ၊ task management အဆုံး အကုန်နီးပါး သုံးပါတယ်။ မှတ်မှတ်ရရ ၂၀၂၀ ခုနှစ် စသုံးတုန်းက ဘာကြီးတုန်း ဒါကြီးနဲ့ဆို ပိုပြီးအလုပ်ရှုပ်မှာပဲ လို့ ထင်ခဲ့မိတာ။ အလုပ်ဝင်ပြီးနောက်ပိုင်း reporting အတွက် သုံးရင်းကနေ အတော် သုံးဖြစ်သွားတာလို့ ပြောရမှာပဲ။ စစချင်း သုံးတဲ့သူတွေဆို မျက်စိလည်မှာတော့ အမှန်ပါ။ စိတ်မပူပါနဲ့ နောက်ပိုင်း သုံးရင်းနဲ့ သူရဲ့ customize လုပ်လို့ရတဲ့ feature က သင့်ကို အတော် သဘောတွေ့မိစေမှာပါ။

သူရဲ့ ကိုယ်လိုသလို customize လုပ်လို့ရတဲ့ feature က အတော် သဘောတွေ့မိစေမှာပါ။

ဒါကတော့ ကိုယ့်ရဲ့ Daily Notion Space လေးပါ။

2. Pomofocus

သူက Pomodoro Technique အတိုင်းလုပ်ထားတဲ့ web app တစ်ခုပါ။ Pomodoro (ပိုမိုဒိုရို) ဆိုတာကတော့ ကိုယ်လုပ်မည့် task တွေကို အချိန်အပိုင်းအခြား တစ်ခုအတွင်း လုပ်ပြီး အဲ့အချိန်ပြည့်သွားရင် ခဏအနားပေးတဲ့ သဘောပါ။ မရှူပ်သွားပါနဲ့ သူက လွယ်ပါတယ်။

  1. အဆင့် ၁။ ပထမဆုံး ကိုယ်လုပ်ရမည့် task တွေစီလိုက်ပါ။
  2. အဆင့် ၂။ အဲ့ task တွေကို ကိုယ့်အနေနဲ့ ပိုမိုဒိုရို ဘယ်နှခုလောက် ပေးရမလဲ သတ်မှတ်ပါ။ (1 Pomodoro = 25 mins)
  3. အဆင့် ၃။ ပိုမိုဒိုရို တစ်ခု ပြည့်သွားလို့ အသံမြည်လာရင် ၃-၄ မိနစ်လောက် ခဏနားပါ။
  4. အဆင့် ၄။ ပိုမိုဒိုရို လေးခု ပြည့်သွားရင်တော့ ၁၅-၂၀ မိနစ်လောက် နားပါ။
  5. အဆင့် ၅။ ပြီးသွားရင် အဆင့်တစ် ကနေ ပြန်စပါ။

အဓိကကတော့ အာရုံစူးစိုက်မှု (focus)နှင့် ဈာန်ဝင်လုပ်ကိုင်မှု (flow)တို့အပေါ် အတွင်းပိုင်းနှင့် အပြင်ပိုင်း အနှောက်အယှက် ကြားဖြတ်မှုများ (interruptions)ကို လျှော့ချစေဖို့ပဲ ဖြစ်ပါတယ်။

တစ်ခုရှိတာက ကိုယ်က စီစဥ်ထားတဲ့ task တွေလုပ်နေတုန်း ကြားဖြတ် task အသစ်တစ်ခု ပေါ်လာရင်တော့ အရင် task တွေ ပြီးမှပဲ လုပ်ရမှာ ဖြစ်ပါတယ်။

Pomofocus Web App Screenshot

3. Tango.us

ဒီနှစ်ထဲမှာ System တွေနဲ့ ပတ်သတ်ပြီး End-User Document ရေးရတာ အတော်များခဲ့ပါတယ်။ အစကတော့ Figma သုံးပြီးပဲ ကိုယ်လိုချင်တဲ့အတိုင်း ပုံတွေကို တစ်ခုချင်းစီ အဆင့်ဆင့် edit လုပ်ရတာပါ။ သူကို တွေ့လိုက်တော့ အရမ်းကို ပျော်သွားတာ။ သူက သုံးရတာ အရမ်းလွယ်ပါတယ်။

အရင်ဆုံး သူ့ရဲ့ extension ကို install လုပ်ပါ။ ပြီးရင် record ဆိုတာ နှိပ်ပြီး ကိုယ်ပြချင်တဲ့အတိုင်း သုံးသွားလိုက်ပါ။ ပြီးရင် သူက ကိုယ်နှိပ်သွားတဲ့ flow အတိုင်း ပုံတွေနဲ့ အသေးစိတ် document တစ်ခု ထုတ်ပေးပါတယ်။ user document ရေးရင်တော့ သူနဲ့က အရမ်း အဆင်ပြေပါတယ်။

4. Figma

အစကတော့ Figma ကို UI/UX အတွက်ပဲ သုံးတာပါ။ နောက်ပိုင်း social media အတွက် photo editing အတွက်ပါ သုံးပါတယ်။ ကိုယ်က အသေးစား editing ပဲလုပ်တာ ဆိုတော့ ဟိုလို အကြီးစား software ထက်စာရင် သူကတော့ ကိုယ်နဲ့တော့ အဆင်ပြေပါတယ်။ ( အမှန်က ဟိုကောင်တွေကို ကိုယ်မကျွမ်းတာပါ။ ::)

5. FigJam

Figma ပေါ်ပြီး နောက်ပိုင်းမှ ထပ်ပေါ်လာတာပါ။ online whiteboard ကြီးတစ်ခုပေါ့။ Data Digram ဆွဲတာကအစ meeting အတွက် အဆုံး သုံးလို့ ရပါတယ်။ ကိုယ်ပါမက အခြားသူတွေပါ share ပြီး ဝိုင်းသုံးလို့ ရပါတယ်။ အချိန်ပါ မှတ်လို့ရပါတယ်။ တစ်ခုရှိတာကတော့ မြန်မာစာ သုံးမရတာပါပဲ။